ရန်ကုန်၊ ဩဂုတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုတွင် ဆိုင်ကယ်နှင့်ပစ္စည်းခိုးယူသူ ၃ ဦးကို MNDAA အထူးရဲတပ်ဖွဲက ဖမ်းဆီးပြီး ပိုင်ရှင်ထံသို ဆိုင်ကယ် ပြန်ပေးလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂ ရက်နေ့ လားရှိးမြိုတွင် ဆိုင်ကယ် နှစ်စီး အပါအဝင် ပစ္စည်းခိုးယူသူ ၃ ဦးကို သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းခိုးသူ ၃ ဦးထံမှ ဆိုင်ကယ် ၂ စီး၊ ဖုန်း ၆ လုံး ၊ DVD စက်များနှင့် အခြားပစ္စည်းများကို တွေ့ရှိရကြောင်း၊ ဆိုင်ကယ်၂ စီးကို ပိုင်ရှင်များထံပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
MNDAA က ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ပြီး လားရှိးမြိုနယ်ကို သိမ်းပိုက်ရရှိပြီးနောက် လုံခြုံရေး ကင်းလှည့်ခြင်း၊ ပြန်လည် ထူထောင်ရေးအတွက် လုပ် ဆောင်ခြင်းများ အပါအဝင် အုပ်ချုပ်ရေးယန္တရားများကို စတင်နေပြီဖြစ် ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar