ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၆
ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေတခုတွင် ဩဂုတ်လ ၅ ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အခြေစိုက်ဒေသရှိ KNU/KNLA မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံများ၊ မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်၅ ၌ ရဲဘော်ရဲမေစုစုပေါင်း ၃၃ ဦး အမျိုးသား ၂၉ ဦး ၊ အမျိုးသမီး ၃ ဦး၊ LGBTQ ၁ ဦး အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။