27 C
Yangon

စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြောဆို

Must read

စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန်ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ် ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြော်ငး ကရင်အမျိုးသားအစည်းအရုံး- KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြောဆိုလိုက်သည်။

၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့ သို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း၊ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ် မှစတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကို လုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက် ပိုင်း တွင်လည်း တစ်နိုင်ငံလုံးမှ ပြည်သူများက စစ်အာဏာသိမ်းမှုကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်းများဖြင့် ဆန့်ကျင်တိုက်ပွဲ ဝင်နေကြကြောင်း၊ လက်ရှိတွင် စစ်အုပ်စုသည် မထိန်းနိုင်တော့ဘဲ ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့ဒီအချိန် စစ်တပ်ကနေ တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး၊ လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီဆန့်ကျင်မှုတွေဟာ အရှိန်အဟုန်ပြင်းထန်လွန်းလို့ စစ်အုပ်စုဟာ မထိန်းနိုင်တော့တဲ့အခြေ အနေ ရောက်နေပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ် အခြေအနေလည်းဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌက ပြောဆိုသည်။

KNU အပါအဝင် ကရင်တိုင်းသားများအနေဖြင့် မဟာလူမျိုးကြီးဝါဒ စစ်အာ ဏာရှင်စနစ် ဆုံးခန်းတိုင် ပျောက်ပျက်သွာရန် ကျရာကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပြီး မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တည် ဆောက်သွားကြရန်လိုအပ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲ ဆုံးခန်းတိုင်စေရန်အတွက် တိုင်းရင်းသား လူမျိုးများ၊ နိုင်ငံရေးပါတီများ၊ အဆိုပါဝါဒကို ဆန့်ကျင်နေသည့် အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article