ဒီကနေ့ ဩဂုတ် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ၊ ရေနံမှော် ကင်းစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးသော်ဇင်အောင်၊ ဒုရဲအုပ်ကိုကိုအောင် အပါအဝင် ၁၂ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်ကောင်စီဝင် ၁၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားပြီး လက်နက်ခဲ ယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်ဆိုပါတယ်။
- ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းမြို့တော် ဖားကန့်မြို့နယ်တစ်ခုလုံးကို KIA နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီရဲ့ အဓိက တပ် စခန်း ၇ ခုသာ ကျန်တော့ပြီး လက်ရှိ နယ်မြေစိုးမိုးမှုကို KIA ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်အထိ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရောက်ရှိလာတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ကြည်းရေလေ သုံးခုစလုံးနဲ့ အသည်းအသန် ခုခံနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar