29 C
Yangon

မင်းကွန်း မြသိန်းတန်ဘုရားတွင် တပ်ဆွဲထားသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

Must read

မင်းကွန်း မြသိန်းတန်ဘုရားတွင် တပ်ဆွဲထားသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်ဘုရားတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ မြသိန်းတန်ဘုရားတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရှားရောင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။

” ဩဂုတ်လ ၁၃ ရက်နေ့က စပြီး တိုက်ပွဲဖြစ်တာ စစ်ခွေးတွေဘက် ၃ ကောင်ထိထားတယ်လို့သိရပါတယ်၊ သေမသေတော့မသိပါဘူး” ဟု မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article