29 C
Yangon

ဒိုက်ဦးထောင်တွင် ထောင်အရာရှိ စန်းနွယ်ဦးနှင့်ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့်လုံခြုံရေး အထူး စိုးရိမ်နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးထောင်တွင် ထောင်အရာရှိ စန်းနွယ်ဦးနှင့်ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့်လုံခြုံရေး အထူး စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော် မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒိုက်ဦးထောင်တွင် ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေး အကျဉ်းသူ တစ်ဦးကို အတင်းအဓမ္မအင်အားသုံး ခေါ်ဆောင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ကြောင်း ရှင်းပြစဉ် ထောင်အရာရှိ စန်းနွယ်ဦးက အမျိုးသမီးအဆောင်အခန်းထဲအထိ ဝင်ရောက်၍ နိုင်ငံရေးအကျဉ်းသူကို ဆံပင်ကိုဆွဲ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် အတင်းအဓမ္မအင်အားသုံး ပြင်ပသို့ ခေါ်ဆောင်သည့်အတွက် ခေါ်ဆောင်ခံရသူ နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ဟု ငြင်းဆန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုက်ဦးထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားအင်အား ၅၀ ဦးခန့်နှင့်အမျိုးသမီးဝန်ထမ်း ၇ ဦးခန့်တို့က အမျိုးသမီးအဆောင်သို့ လေးခွ ၊ ရော်ဘာတုတ်၊ကျဉ်စက်များ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသူကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုအပေါ် အခြားသော နိုင်ငံရေးအကျဉ်းသူများက ကန့်ကွက်ခဲ့ကြပြီး ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံရေးအကျဉ်းသူများကိုပါ ထောင်ဝန်ထမ်းအင်အား ၅၀ က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

“အမျိုးသမီးတွေအပေါ် အခုလို အမျိုးသားဝန်ထမ်းတွေကပါ ဝင်ရိုက်တာ ဒီနှစ်ထဲ နှစ်ကြိမ်ရှိပါပြီ။ လူ့အခွင့်အရေးရော၊အမျိုးသမီးအခွင့်အရေးပါ ပေါ်ပေါ်တင်တင်ချိုးဖောက်ခံနေရပါတယ်။ ရိုက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ လုံ ခြုံ ရေးက အရမ်းစိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ထောင်အရှေ့မှာ စစ်ကားတွေလည်း ရပ်ထားတာ တွေ့ရတော့ ပိုပြီးစိုးရိမ်နေရတဲ့ အခြေ အနေဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒိုက်ဦးထောင်တွင် ထောင်ဝန်ထမ်းများ၏ မတရားရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း သိရှိရပါသည်။

ဓာတ်ပုံ – စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article