28 C
Yangon

တောင်ငူ NLD ပါတီဝင် ဦးမင်းဆွေ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီး

Must read

တောင်ငူ NLD ပါတီဝင် ဦးမင်းဆွေ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ဦးမင်းဆွေကို စစ်ကောင်စီတပ်များက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင် ဦးမင်းဆွေ သည် ယမန်နေ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များက အဓမ္မဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဖမ်းဆီးခံရချိန်မှာ ဦးမင်းဆွေရဲ့ မျက်နှာနဲ့ ဦးခေါင်းကို အိတ်အမည်းစွပ်၍ လက်ပြန်ကြိုးတုပ် ချည်နှောင်ခေါ်ဆောင်သွားပါတယ်။ အခုအာ ဏာသိမ်းကာလအတွင်း ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဦးမင်းဆွေ အဖမ်းခံရချိန်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ တောင်ငူမြို့သို့ ရောက်ရှိနေချိန်လည်းဖြစ်ကြောင်း သိရှိရသည်။

တောင်ငူတွင် လေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်း၊ ရုံးဌာနများကို မိုင်းခွဲခြင်းများ ဖြစ်ပေါ်လာချိန် စစ်ကောင်စီက NLD ပါတီဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို စောင့်ကြည့် လေ့လာခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်လာကြောင်း၊ ထို့ပြင် တောင်ငူတွင် စစ်မှုထမ်း သင်တန်းအတွက် တပ်သားသစ်များ ရရှိရေး ပေါ်တာဆွဲဖမ်းဆီးမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article