26 C
Yangon

ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာရှိ နေအိမ် ၂၁ လုံး၊ ကားနှင့် အိမ်မွေး တိရ စ္ဆာန်များကို မီးရှို့ ဖျက်ဆီး သတ်ဖြတ်ခဲ့သော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာရှိ နေအိမ် ၂၁ လုံး၊ ကားနှင့် အိမ်မွေး တိရ စ္ဆာန်များကို မီးရှို့ ဖျက်ဆီး သတ်ဖြတ်ခဲ့သော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၂၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာရှိ နေအိမ် ၂၁ လုံး၊ ကားနှင့် အိမ်မွေး တိရ စ္ဆာန်များကို မီးရှို့ ဖျက်ဆီး သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၇၀ ဦးပါဝင်သော စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြန်ချီတက်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၁ လုံး၊ ကုန်တင်ကား ၁ စီး၊ နွား ၄ ကောင်နှင့် ဝက် ၉ ကောင် မီးရှို့ ဖျက်ဆီး သတ်ဖြတ်ခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပြန်ချီတက်ရွာနှင့် သစ်ပုတ်ရွာ အကြားရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ က မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ကျွန်တော်တို့ တပ်ရင်း တပ်ဖွဲ့အနေနဲ့ကတော့ စစ်ရေးပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့ အတွက်ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနဲ့ ရဲများကို အမြန်ဆုံး ပြည်သူနဲ့ အတူ ပူးပေါင်းပြီး အလင်းဝင်ကြဖို့ ပြောချင်ပါတယ်” ဟု ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article