29 C
Yangon

ကြို့ပင်ကောက်မြို့နယ်တွင် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်မြို့နယ်တွင် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၆

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် တပ်သား သစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့ ကြို့ပင်ကောက်မြို့နယ်၊ ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုးသည် ကျေးရွာတစ်အုပ်စုလျှင် ငွေကျပ် သိန်း ၂၀၀ ရာ ကောက်ခံပြီး အကြမ်းဖက် စစ်ကောင်စီ ၏ ဖက်ဆစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရန် လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ရန်အောင်စိုးသည် အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများကို ဒေသ ပြည်သူများ အပေါ် အကြိမ်ကြိမ်နိုင့်ထက်စီးနင်း ပြုလုပ်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ထံမှ ဖုန်း ၁ လုံး နှင့် လေးခွတို့ သိမ်းဆည်းရရှိပြီး ထိုတိုက်ခိုက်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ( ၃) နတ်စစ်သည် တပ်ခွဲတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article