28 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းနှင့် ယနေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်ရှိ မဒေါင်းကြီးရွာ၊ ရွှေကာရွာ၊ သေနပ်စိန်ရွာ၊ ဗအိုးရွာ နှင့် စည်ပုတ္တရာရွာတို့ကို လေကြောင်းဖြင့် ၂ ရက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်လေယာဉ်များ ပျံဝဲနေသည့်အတွက် ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ကျေးရွာအတွင်း ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

ထို့ပြင် ဗုံးကျဲ တိုက်ခိုက်ခံရသော ကျေးရွာများ ပြည်သူများနှင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

“ခင်ဦးနယ် မြောက်ဘက်ခြမ်းကရွာတွေကို ဒီနေ့ မနက်ကစပြီး ဂျက်ဖိုက်တာတွေနဲ့ ၆ ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်ထားတယ်။ ဖိုက်တာတွေက ဆက်တိုက်ကိုပစ်နေတာ လက်ရှိ မြေပြင်အခြေအနေက ထိခိုက်မှု ပျက်စီးမှု ဘာမှ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေလည်း အရေးပေါ် ထွက်ပြေးနေကြရတယ်။ လက်ရှိ ဗုံးကျဲခံရတဲ့ ရွာတွေဘက်မှာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်နေတာ ကျေးရွာပေါင်း ၁၀ ရွာကျော်မယ်ပြေးနေရတာ။ စစ်ရှောင် ပြည်သူ သောင်းချီရှိမယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article