30 C
Yangon

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြေပြင်သပိတ်တိုက်ပွဲပြုလုပ်

Must read

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြေပြင်သပိတ်တိုက်ပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California မှ ဦးဆောင်၍ “အာဏာရှင်ထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ဆန့်ကျင်ကြ၊ ပြည်သူ့အားနဲ့ တိုက်ဖျက်ကြ” ဆိုသည့်ခေါင်းစဉ်ဖြင့် ၁၃၈ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများက စက်တင်ဘာ ၁ တွင် တညီတညွတ်တည်း ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရှိရသည်။

မြေပြင်သပိတ်တိုက်ပွဲတွင် အတုအယောင်ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန် ပိုမိုဆိုးရွားလာနေသော အထွေထွေအကျပ်အတည်းများကို လူထုအားနှင့် အုံကြွဖောက်ထွက်ရန်၊ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက မြန်မာတအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံသို့ ပေးပို့သော ခြိမ်းခြောက်စာနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားစုများမှ တရုတ်ကွန်မြူနစ်အစိုးရ၏ အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် မိုက်ရိုင်းစော်ကားသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးအတွက် မြေပြင်သပိတ်တွင် တိုက်တွန်း နှိုးဆော် သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article