32 C
Yangon

မြင်းခြံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို ဆက်ကြေးတောင်းသည့် စစ်ကောင်စီ တပ်သားများ ပစ်ခတ် ခံရပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

မြင်းခြံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို ဆက်ကြေးတောင်းသည့် စစ်ကောင်စီ တပ်သားများ ပစ်ခတ် ခံရပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို ဆက်ကြေးတောင်းသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Freedone Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် လယ်သစ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်တွင် PDF တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို ဆက်ကြေးတောင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်ချိန်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန် ၁ ဦးသည် ထိခိုက် ဒဏ်ရာပြင်းထန်သောကြောင့် ထပ်မံသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကားကို တားပြီး ဆက်ကြေးတောင်းလို့ ကားနောက်မှပါလာတဲ့ ကျွန်တော်တို့ ရဲဘော်တွေ ပစ်ခတ် တိုတ်ခိုက်ခဲ့တာပါ။ ပစ်ခတ်တိုတ်ခိုက်မှု အတွင်းမှာ စစ်ကောင်စီ တပ်သား ၂ ကောင် ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၇ ကောင်က ထွက်ပြေးသွားပြီး ၃ ကောင်က ဒဏ်ရာ ပြင်ထန်းတယ်။ ဒဏ်ရာပြင်းထန်တဲ့ ထဲကမှ ၁ ကောင်က ထပ်မံသေဆုံးတယ်လို့ သိရတယ်” ဟု Freedone Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedone Fighter Guerrilla Force ၊ Anyar Federal Task Force (A F T F) နှင့် မဟာမိတ် ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article