27 C
Yangon

မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

■ မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ခုန်တိုင်ရွာမှ ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ရွာလယ်ခေါင်တွင် တပ်စွဲထား

ရန်ကုန်၊ စက်တင်ဘာ ၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Jet fighter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကျောင်း အဆောက်အဦးနှင့် အနီးအနားရှိ ပြည်သူပိုင် နေအိမ်များ ပျက်စီးမှု ရှိကြောင်း သိရသည်။

ထို့ပြင်‌ မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ယနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ခုန်တိုင်ကျင်းကျေးရွာကို ရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ရွာလယ်ခေါင်တွင် တပ်စွဲထားကြောင်း သိရှိရသည်။

” ပထမ က ပြည်သူ ၃ ဦးလောက်ပဲ ဖမ်းမိတာ ဖမ်းမိတဲ့သူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တိမ်းရှောင်နေတဲ့ သူတွေကို လိုက်ခေါ်ခိုင်းတာ မလာတဲ့သူတွေကို နေအိမ်တွေ မီးရှို့မယ် PDF တွေလို့ သတ်မှတ်ပြီး တွေ့တဲ့အချိန် ဖမ်းမယ် သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး လိုက်ခေါ်တာ အဲလိုခြိမ်းခြောက်ခေါ်ပြီး ဖမ်းမိတဲ့ သူတွေကို ဘေးပတ်ပတ်လည်းမှာထားပြီး သူတို့က ရွာလယ်ခေါင်မှာ တပ်စွဲနေတာ စစ်ခွေးက ရွာထဲက ပြည်သူတွေ မွေးမြူထားတဲ့ ကြက်တွေ ဝက်တွေကို သတ်ဖြတ် စားသောက်နေကြတယ်။ လေကြောင်းနဲ့ ဗုံးကျဲသွားတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေ ပျက်စီးမှုတော့ရှိတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article