27 C
Yangon

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာကို ရိက္ခာနှင့် လူအင်အား လာရောက်ဖြည့်တင်းသည့် စစ်ရေယာဉ် အုပ်စုကို ၂ ကြိမ် တိုက်ခိုက်မှု ဖလက်ခွန် သင်္ဘော ၁ စီး ထိမှန် ပျက်စီး

Must read

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာကို ရိက္ခာနှင့် လူအင်အား လာရောက်ဖြည့်တင်းသည့် စစ်ရေယာဉ် အုပ်စုကို ၂ ကြိမ် တိုက်ခိုက်မှု ဖလက်ခွန် သင်္ဘော ၁ စီး ထိမှန် ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာကို ရိက္ခာနှင့် လူအင်အား လာရောက်ဖြည့်တင်းသည့် အကြမ်းဖက် စစ်တပ်၏ စစ်ရေယာဉ် အုပ်စုကို ၂ ကြိမ် တိုက်ခိုက်ရာ ဖလက်ခွန် သင်္ဘော ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း Chindwin Dynamite (Salingyi) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုန်းပင်ဆိပ်ကမ်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အမြန်ယာဥ် ၁ စီးနှင့် ဖလက် ၁ စီးသည် ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာနှင့် လူအင်အား သွားရောက်ပို့ဆောင်စဉ် ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်တွင် Chindwin Dynamite (Salingyi) နှင့်မဟာမိတ်ညီနောင်များက ရှေ့ထွက်ပြောင်းတိုက်၊ အဖူးထွက်များ၊ လက်နက် ငယ်များဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဖလက် ၁ စီး သည် ဖလက် နံရံပေါက်ထွက်၍ စက်ပျက်သွားခဲ့သောကြောင့် အမြန်ရေယာဉ် ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်လက်များ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေး မဟာညီနောင်များ အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ရေယာဉ်အုပ်စုသည် ကံကြီးကုန်းကို လူအင်အား၊ စားနပ်ရိက္ခာများချ၍ အုန်းပင်ဆိပ်ကမ်းကို အမြန်ယာဥ် ၁ စီးဖြင့် ပြန်လည် ဆန်တက်လာစဉ် ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်တွင် ရှေ့ထွက်ပြောင်းတိုက်၊ အဖူးထွက်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက နောက် ၁ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု ၂ ကြိမ် အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တော်လှန်ရေး ညီနောင်မဟာမိတ်များသည် ရေကြောင်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲ နေပြီး ပြည်တွင်းပြည်ပမှ တော်လှန်ထောက်ပို့ မိသားစုများအနေဖြင့်လည်းကျည်တစ်တောင့်ဖိုးဖြစ်စေ ပါဝင်ကူညီထောက်ပံံ့ပေးကြပါရန် မေတ္တာရပ်ခံကြောင်းChindwin Dynamite (Salingyi) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Dynamite(Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi) ၊ Fighter Nine Force(Salingyi) နှင့် SRA အောင်ကြီး(Salingyi) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article