ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ထားသော ဆည်တော်ကြီး ရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု မဖြစ်စေရန် သတင်းထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ထားသော ဆည်တော်ကြီး ရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု မဖြစ်စေရန် မန္တလေး PDF က သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ် ၊ ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ ၄၂၀ ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို ၄၁၅ ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့ တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ
၃၈၅ ပေ ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားသည်။