26 C
Yangon

ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၂၀၀ နီးပါးပြာကျပြီး တိုက်ပွဲ ဆက်လက် ပြင်း ထန်နေ

Must read

ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၂၀၀ နီးပါးပြာကျပြီး တိုက်ပွဲ ဆက်လက် ပြင်း ထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် စစ်တပ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်များဖြင့် ဗုံးများကျဲချသွားကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဆိုင်းတောင် ၄ ရပ်ကွက်နှင့် ဥရုချောင်း တစ်ဖက်ကမ်းရှိ ယူကလစ်တောကို ဗုံးများကျဲချခဲ့ကြောင်း၊ ယနေ့တွင် ဆိုင်းတောင် တိုက်ပွဲသည် ၁၀ ရက်မြောက်အဖြစ် ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်များက ဆိုင်းတောင် Lucky Man ဟိုတယ်တွင် တပ်စွဲထားပြီး ပြည်သူများကို ဓားစာခံဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာ လေယာဉ်နဲ့ ဗုံးတွေ လာကျဲတယ်။ ဆိုင်းတောင် ရပ်ကွက် ၄ နဲ့ ဥရုချောင်း တစ်ဖက်ကမ်း ယူကလစ်တောထဲကို ဗုံးကျတယ်။ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ စစ်ကောင်စီတပ်တွေနဲ့အတူ ရှမ်းနီSNA တပ်တွေလည်း ပါတယ်။ မီးရှို့နေတာ။ Lucky Man ဟိုတယ်ထဲမှာ စစ်တပ်က ပြည်သူတွေကို ဓားစာခံ လုပ်ဖမ်းဆီးထားတာရှိတယ်။ တိုက်ပွဲကတော့ ဒီနေ့နဲ့ ဆို ၁၀ ရက်မြောက်ရှိလာပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၇ မိနစ်အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲချသွားခဲ့ ကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီနှင့် လက်အောက်ခံ SNA တပ်များက ဆိုင်းတောင်အတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့မှုများ ဆက်လုပ်ဆောင်နေရာ နေအိမ်ပေါင်း ၁၅၀ ကျော်နှင့် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးရှို့မှုများကို စစ်အုပ်စုက လက်ရဲဇက်ရဲ ဆက်လက် ကျူးလွန်နေကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်အတွင်းတွင် KIA KPDF တပ်များက သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းပေါင်း ၁၉ ခုကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်စခန်း ၉ ခုကျန်ရှိနေသေးကြောင်း သိရှိရသည်။

KIA နှင့်PDF တပ်များက သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်း ၁၉ ခုမှာ

၁-ဂျာရာယန် စစ်ကောင်စီတပ်စခန်း ( ၂၀၂၃ ဒီဇင်ဘာစခန်းစွန့်ခွါထွက်ပြေး)

၂-ဝှေခါရဲစခန်း

၃-ဝှေခါ စစ်ကောင်စီတပ်စခန်း

၄-ဝေလုံစစ်ကောင်စီတပ်စခန်း

၅-ညောင်ပင်စစ်ကောင်စီတပ်စခန်း

၆-ချောင်းဝစစ်ကောင်စီတပ်စခန်း

၇-တာမခံစစ်ကောင်စီတပ်စခန်း

၈-တာမခံရဲစခန်း

၉-ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း

၁၀-ဆယ်ဇင်းရဲစခန်း

၁၁-နန့်မှော် တန်၃၀၀၀စစ်ကောင်စီတပ်စခန်း

၁၂-ကသိုင်းတောင်စစ်ကောင်စီတပ်စခန်း

၁၃-နန့်တိန်းစစ်ကောင်စီတပ်စခန်း

၁၄-နန့်ယားစစ်ကောင်စီတပ်စခန်း

၁၅-နန့်ရှန်စစ်ကောင်စီတပ်စခန်း(စခန်းစွန့်ခွါထွက်ပြေး)

၁၆-လမောင်စစ်ကောင်စီတပ်စခန်း

၁၇-တောမှော်(ဆမား)စစ်ကောင်စီတပ်စခန်း

၁၈-ဆိုင်းတောင်ရဲစခန်း

၁၉-လွယ်ဆိုင်းစစ်ကောင်စီတပ်စခန်း တို့ဖြစ်ပြီး

ဖားကန့်မြို့နယ်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသောစစ်ကောင်စီတပ်စခန်းများမှာ-

၁-ဖားကန့်တပ်မကုန်း

၂- ကံဆီးဗျုဟာကုန်း

၃-ကန်းကောင်ဘွမ်စစ်ကောင်စီတပ်စခန်း

၄-ဖားကန့်ရဲစခန်း

၅-မဇွပ်ယန်ထောင်

၆ -လယ်ပြင်ယန်းချက် စစ်ကောင်စီတပ်စခန်း

၇-ကားမိုင်းဗျုဟာကုန်း

၈ -ကားမိုင်းရဲစခန်း

၉- လုံးခင်း မျောက်ကုန်း စစ်ကောင်စီစခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ဆိုင်းတောင်တွင် ပြာကျ ပျက်စီးနေသော ပြည်သူ့နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article