27 C
Yangon

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်း၊ ၉၀၂ တပ်စခန်း၊ တောင်ခမ်းရွာနှင့် မကျီးရေ ရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်း၊ ၉၀၂ တပ်စခန်း၊ တောင်ခမ်းရွာနှင့် မကျီးရေ ရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်း၊ ၉၀၂ တပ်စခန်း၊ တောင်ခမ်းရွာနှင့် မကျီးရေ ရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ အမြောက်တပ် ၃၅၄ တပ်စခန်း၌ လည်းကောင်း၊ တောင်ခမ်းရွာအနီး တ၀ိုက်တွင် နံနက် ၁၁ နာရီခန့်၌လည်းကောင်း၊ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မကျီးရေရွာအနီးတ၀ိုက်၌လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ ၃ နာရီ ၄၅ မိနစ်ခန့် ၌ လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာတွင်လည်း Y-12 ဖြင့် ၁၃ ကြိမ် ဗုံး ၈၀ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၃ တပ်စခန်းနေရာတွင်လည်း ထောက်ပို့ လေယာဉ် Y-12 ဖြင့် ၁ ကြိမ် လက်နက် ခဲယမ်းများ လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article