24.8 C
Yangon

မြောက်ဥက္ကလာပ၊ ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီဘက်တော်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တော်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်တော်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရုံးထဲအထိ လက်ပစ်ဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့တာ။ ၁ ယောက် သေပြီးတော့ ၁ ဦးအပြင်းအထန်ဒဏ်ရာရတယ်။ ဗုံးကွဲပြီး တော့ မီးတွေအကုန်ဖြတ်ပစ်တယ်။ ဆေးရုံကားတွေနဲ့ ဝင်သယ်သွားတာ။ ပြီးတော့ ရွှေပေါက္ကံ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၁ ၊ ၂၂ ရပ်ကွက်တွေထဲက စခ၊ ရခ ပခ တွေလည်း ကား၊ ဆိုင်ကယ်တွေ နဲ့ကင်းပတ်တာလုပ်တယ်။ ရွှေပေါက္ကံရပ်ကွက်ထဲက ပျူတွေလည်း အင်အားအများအပြားနဲ့ ကင်းပတ် တယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး(ပကဖ) မြောက်ဥက္ကလာပမြို့နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်မှန် သမျှကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် (ပ.က.ဖ) က အသိပေး ထုတ်ပြန်ထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article