24.8 C
Yangon

ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိ

Must read

ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ က ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင်ထီးချိုင့်မြိုနယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသော ဗိုလ်မှူး စန်းယု ဦးစီးသော တတက-၁၃မှ အင်အား ၅၈ ဦး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက သပိတ်ကျင်းမြိုနယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်း အကြား၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကာ ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက်}၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ (၆) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ ၄၀ မမ ဗုံးသီး (၅) လုံး၊ ၆၀ မမ ဗုံးသီး (၁) လုံး၊ RPG (၄) လုံး၊ ကျည်အိမ်မျိုးစုံ (၇၁) ခု သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲများမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြိုနယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article