31 C
Yangon

မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်တပ် ဝင်စီး၍ ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် CDSOMတပ်ဖွဲ့ တောင်ပိုင်း ခေါင်းဆောင် တစ်ဦးနေအိမ်ကို မီးရှို့ ဖျက်ဆီး၊ ငါးရန့်အိုရွာနှင့် ရေစကြို ရွှေလှံရွာကိုလည်း စစ်တပ်က မီးရှို့နေ

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တောင်ပိုင်း ခေါင်းဆောင် ဗိုလ်ကျားသစ် နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် မြောင်မြို့နယ် ငါးရန့်အိုရွာနှင့် ရေစကြိုမြို့နယ် ရွှေလှံရွာကိုလည်း မီးရှို့နေပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

မြောင်မြို့နယ် ငါးရန့်အိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ကာ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ရေစကြိုမြို့နယ် ရွှေလှံရွာကိုလည်း ယနေ့ နံနက်ပိုင်းတွင် မီးရှို့နေပြီး ပြည်သူပိုင် နေအိမ် ၃ လုံး မီးလောင်ပြာကျကာ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းလှရွာသို့ ရောက်နေပြီး အနီးအနား ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေး နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများကို မြောင်မြို့နယ်လွှတ်တော်အမတ်၊ Myaung Women Warriors ဒုတပ်ရင်းမှုး နွေဦးဒေဝီ ဦးဆောင်သည့် အဖွဲ့က ထမင်းဟင်းနှင့် စားသောက်စရာများ၊ ရေများ လိုက်လံ ဝေငှ ပေးနေကြောင်း သိရသည်။

Photo – ကိုနွေဦး-မြောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article