31 C
Yangon

ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ

Must read

ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ခွဲ မအူကုန်းကျေးရွာအုပ်စု ကျုံတာရွာ အရှေ့ပိုင်းနေ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းရန် ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေနေပြီး စစ်မှုမထမ်းလိုပါက ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မအူကုန်း အုပ်ချုပ်ရေးမှူး ထွန်ထွန်းနိုင်က သူ၏ အိမ်သို့ အကြမ်းဖက်စစ်တပ်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လွဲ၍ မည်သူ့ကိုမှ အဝင်မခံ၊ အတွေ့မခံကြောင်း၊ ပြည်သူများကို စစ်မှုထမ်းအတွက် ငွေကောက်ခံရာတွင် ပိုက်ဆံ မပေးနိုင်ပါက ချက်ချင်း ဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်နေကြောင်း၊ ၊ NLD ထောက်ခံသူ ပြည်သူတစ်ဦးကိုလည်း စစ်တပ်ထံ တိုင်တန်း ဖမ်းခိုင်းသည့်အတွက် အဆိုပါပြည်သူမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျန်ရစ်သော မိသားစုဝင်ကို ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ရွာက ပြည်သူတွေကို တစ်လ ၄၀၀၀၀ ကောက်တယ် ။စစ်မှူထမ်းအတွက်။မပေးနိုင်ရင် ချက်ချင်းဖမ်းခေါ်သွားမယ်လို့ ခြိမ်းခြောက်တယ်။ NLD ထောက်ခံဥူ ဒေါ်ခင်စိန်ကိုလည်း စစ်တပ်ဆီတိုင်ပြီး ဖမ်းခိုင်းလို့ ထွက်ပြေးရသေးတယ်။ ဒေါ်ခင်စိန် သမက်ကို ဖမ်းခေါ်ပြီး ရိုက်နှက်တာ သေလုမျောပါးပဲ။ ပိုက်ဆံနဲ့ ပြန်းရွေးထားရတယ်။ ပြီးတော့ ခံဝန်ထိုးခိုင်းပြီး ရွာထဲ ပြန်နေခွင့်ပေးထားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ် ဒေါက်တိုင်အဖြစ် လုပ်ကိုင်ကာ ပြည်သူများကို ဖိနှိပ် အတင်းအဓမ္မငွေကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်နှင့် အပေါင်းပါများ ရှင်းလင်းပေးရန် ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ခင်ဇော်က ပြည်သူများကို စစ်မှုထမ်းလိုပါက ငွေကျပ် သိန်း ၂၀ တောင်းခံပြီး ငွေမပေးသော လူငယ်များကို စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း၊ မိသားစုများက ငွေကျပ် ၂၀ သိန်း လာပေးသော လူငယ်များကို စစ်တပ်နှင့်ပူးပေါင်း၍ ပြန်လည် ထုတ်ပြီး နေအိမ်များသို့ ပြန်လည် ပို့ဆောင်ကြောင်း သိရှိရသည်။

“ပဲမခမ်းအုပ်ကြီးခင်ဇော်ကတော့ စစ်မှုမထမ်းချင်ရင် သိန်း ၂၀ ပေး။ မပေးနိုင်ရင် စစ်ထဲ လိုက်ပြီးဆိုပြီး လူငယ်တွေကို ဖမ်း စစ်ထဲပို့တယ်။ မိဘတွေကလည်း မရှိ ရှိတာရှာဖွေပြီးပေးတော့မှ တပ်ထဲက ပြန်ခေါ်လာပေးတယ်။ စစ် တပ် နဲ့သူ ပေါင်းပြီး လူငယ်တွေနဲ့ မိဘတွေဆီက ငွေညှစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းတွင် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article