27 C
Yangon

အင်းစိန်ထောင်နှင့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို မိသားစုဝင်များအား အသိမပေးဘဲ ထောင်ပြောင်းရွှေ့၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်သင်္ဘောများဖြင့် တင်ဆောင်ပြီး ခေါ်ဆောင်သွား

Must read

အင်းစိန်ထောင်နှင့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို မိသားစုဝင်များအား အသိမပေးဘဲ ထောင်ပြောင်းရွှေ့၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်သင်္ဘောများဖြင့် တင်ဆောင်ပြီး ခေါ်ဆောင်သွား

ရန်ကုန်၊ စက်တင်ဘာ ၂၂

အင်းစိန်အကျဉ်းထောင်နှင့် မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို အကြမ်းဖက်စစ်ကောင်စီက မိသားစုဝင်များကို အသိမပေးဘဲ ထောင်ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ၏ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် သာယာဝတီထောင်သို့ ကား ၅ စီးဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး မုံရွာအကျဉ်းထောင်မှ အကျဉ်းသားများကိုမူ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရေကြောင်း ဖလက်အမြန်ယာဉ်များဖြင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးများစွာယူကာ ထောင်ပြောင်းရွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က လုံခြုံရေးများစွာယူပြီး ရေကြောင်းကနေပြောင်းရွှေ့ခြင်းခံခဲ့ရပါတယ် မိသားစုတွေကို အသိမပေးပဲ ပြောင်းရွေ့ခဲ့သည့်အတွက် အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ၏ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၀၀ ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ရာတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောများ၊ ဖလက်ယာဉ်များနှင့် တင်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန် အင်းစိန်အကျဉ်းထောင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article