27 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

Must read

ရွှေဘိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲချကြောင်း၊ ထို့ကြောင့် စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ရာ ဆိပ်ခွန်ကျေးရွာ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လက် နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည်သည် ဆိပ်ခွန်ကျေးရွာမှ နေအိမ်တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၂၁ နှစ်အရွယ် မသဲနုနိုင်၏ ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ထို့ပြင် သေဆုံးသူ မသဲနုနိုင်၏ မိခင် ဒေါ်စိုစိုး၊ အဒေါ် ဒေါ်စိုစိုး၊ ဦးလေးဖြစ်သူ ဦးဇော်ကြီး၊ ဦးနောင်နောင်တို့မှာလည်း ဒဏ်ရာရရှိကြောင်း၊ အခြားပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက်ကြီးထိမှန်၍ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၆ ဦးရှိကြောင်း၊ နေအိမ်များလည်း ပျက်စီးကြောင်း သိရှိရသည်။

“စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကျဲလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာမှာ နေအိမ် ၇ လုံး၊ တိုက် ၁ လုံး၊ ဆိုင်ကယ် ၁ စီး ပျက်စီးတယ်။ လူကတော့ မသဲနုနိုင် သေဆုံးတယ်။ မသဲနုနိုင်အိမ်က မိသားစုဝင် ၅ ဦးနဲ့ အခြားပြည်သူ ၁ ဦး စုစုပေါင်း ၆ ဦးဒဏ်ရာရတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန် လက်နက်ကြီးကျ၍ သေဆုံးသော မသဲနုနိုင် ၏ အလောင်း ကို သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသော မသဲနုနိုင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article