27 C
Yangon

မုံရွာတွင် စစ်တပ်လက်အောက်ခံ စစ်သင်တန်းဆင်း အေးကျော်(ခ) ၀ူခန်းကို ဖမ်းဆီးရရှိပြီး စစ်ဆေးချက်များအရ မုဒိမ်းမှု အပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ထား

Must read

မုံရွာတွင် စစ်တပ်လက်အောက်ခံ စစ်သင်တန်းဆင်း အေးကျော်(ခ) ၀ူခန်းကို ဖမ်းဆီးရရှိပြီး စစ်ဆေးချက်များအရ မုဒိမ်းမှု အပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ထား

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စုံတွဲတစ်တွဲကို ရိုက်နှက်ဖမ်းဆီးပြီး မိန်းက လေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်သူများအနက်မှ စစ်တပ်လက်အောက်ခံ စစ် သင် တန်းဆင်း အေးကျော်(ခ) ဝူခုန်းကို ဖမ်းမိခဲ့ပြီး အေးကျော် (ခ) ၀ူခန်းသည် စစ်သားစုဆောင်းပေးရန်နှင့် PDF သတင်းများ စုံစမ်းပေးရန် စစ်တပ်၏ စေခိုင်းမှု ခံထားရသူ ဖြစ်ကြောင်း မုံရွာပလဖက ပြောဆိုသတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်အချိန် မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ် ဘိုးဘွားရိပ်သာ အနီး မီးရထားသံလမ်းအရှေ့ဘက် ကပ်လျက်လမ်းပေါ်တွင် အေးကျော်နှင့် အပေါင်းအပါများသည် အသက် ၁၈ နှစ်အရွယ် သမီးရည်းစား စုံတွဲကို ဖမ်းဆီးပြီး ကောင်လေးကို သတိမေ့သည်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် မိန်းက လေးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြကြောင်း၊ အဆိုပါ မုဒိမ်းမှု ကျူးလွန်သူ အသက် ၃၀ အရွယ်အေးကျော် (ခ) ဝူခုန်းကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ အေးကျော်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပါဝင်သူများမှာ ဘိုဘုလုံး(ခေါ်) လက်တို ၊ ကျော်ခိုင်နှင့် ကဒေါင်တို့ဖြစ်ပြီး ၎င်းတို့ ၄ ဦးသည် ယင်းနေ့ ညနေ ၆ နာရီခန့်က ကာလေးကွင်း အနီး ပြည်ထောင်စုလမ်းဘေး၊ ထန်းလုံးကြီးဘီယာဆိုင်၌ ဘီယာသောက်ကာ ဆိုက်တွဲဖြင့်ပြန်လာခဲ့ကြောင်း၊ ယင်းနောက် ဘိုး ဘွားရိပ်သာအနီးအရောက် အသက် ၁၈ နှစ်အရွယ်စုံတွဲတစ်တွဲကိုတွေ့ရှိသဖြင့် ကောင်လေး၏ ဖုန်း ကို လုယူကာ ဝိုင်းဝန်းရိုက်နှက်ပြီး ကောင်မလေးဖြစ်သူကို အနီးရှိ မီးရထားသံလမ်းဘေးသို့ ဆွဲခေါ် ကာ ဘိုဘုလုံးက ပထမဆုံး မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

ဘိုဘုလုံးမှ မုဒိမ်းကျင့်ပြီးနောက် အေးကျော် (ခ) ဝူခုန်းက မုဒိမ်းကျင့်ရန် ကြံစည်နေစဉ် အင်းဘက်မှ လူသံများကြားသဖြင့် ကောင်မလေးကို ဆိုက်တွဲပေါ် ဆွဲတင်ကာ ပြည်ထောင်စုလမ်းအတိုင်း ကား လေးကွင်းဘက်သို့ မောင်းနှင်ခဲ့ကြောင်း၊ ထို့နောက် တာဝါတိုင်အနီးအရောက် လမ်းဘေးမြေနိမ့်ပိုင်းတစ်နေရာတွင် ထပ်မံ မုဒိမ်းကျင့်နေစဉ် ကောင်မလေးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ မုဒိမ်းမှုကျူးလွန်သောသူများအား မုံရွာမြို့နယ် ပလဖ အဖွဲ့က စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှု ကျူးလွန်ရာပါဝင်သူ ကျော်ခိုင်နှင့် ကဒေါင်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဘိုဘုလုံး (ခေါ်) လက်တိုမှာ နေအိမ်၌ ပြန်လည်ရောက်ရှိသည်ဟု သတင်းအရ သွားရောက်ဖမ်းဆီး စဉ် ထွက်ပြေးသွားသဖြင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဘိုဘုလုံး(ခေါ်)လက်တို၊ အသားညို၊ ဂင်တို ၊ ဘယ်ဘက်လက်ပြတ် (တံတောင်ဆစ်နားမှ ပြတ်) သူအားတွေ့ရှိပါက မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ များထံသို့ ဆက်သွယ် သတင်းပေးပို့ပေး ကြပါရန်နှင့် ဖမ်းဆီးရရှိသေူ အေးကျော်(ခ) ဝူခုန်းကိုလည်း တရားဥပဒေလုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရရှိသူ အေးကျော်(ခ) ဝူခုန်းသည် ၂၀၂၄ ခုနှစ်၊ သင်္ကြန်နောက်ဆုံးရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ကန်ပတ်လမ်း ၊ သံလမ်းအရှေ့ဘက်အနီးတွင် ရဲများမှ ပေါ်တာဆွဲကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ၊ ရေအိုးစင်ဂိတ်အနီးရှိ ဆက်သွယ်ရေးတပ်ထဲသို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ ထို့နောက် ထောက်ပို့လေယာဉ်ဖြင့် ကလေးမြို့ အမှတ် ၁၀ တန်းမြင့်လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ စစ်သင်တန်းအမှတ်စဉ် ၂/၂၀၂၄ ကို တက်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထိုသို့ သင်တန်းဆင်းပြီးနောက် သင်တန်းကျောင်းမှ ဗိုလ်မှူးပြည့်ဖြိုးဝေနှင့် တပ်ကြပ်ကြီး ဆရာသွင် တို့က ၎င်းတို့၏ ဖုန်းနံပါတ်များပေးကာ မုံရွာမြို့သို့ ပြန်ရောက်ပါက တစ်လလျှင် စစ်သားသစ် ၁၀ ဦး စုဆောင်း၍ နမခသို့ ပို့ဆောင်ပေးရန်၊ မုံရွာမြို့နယ်အတွင်းရှိ PDF သတင်းများနှင့် အခြားသတင်း များကို စုဆောင်းကာ သတင်းပေးပို့ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်သင်တန်းဆင်းပြီးနောက် အေးကျော် (ခ) ဝူခုန်းသည် မုံရွာမြို့နေ ချစ်ကောင်းဆိုသူနှင့် ဆိုင်ကယ်များ လိုက်လံခိုးယူရောင်းစားခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၉ စီးရှိပြီ ဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article