26 C
Yangon

ဆောထိနှင့် ဒွယ်လိုး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရ

Must read

ဆောထိနှင့် ဒွယ်လိုး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရ

■ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်၍ ငွေကြေး အတင်းအဓမ္မ ကောက်ခံမှုများလည်း လုပ်ဆောင်

ရန်ကုန်၊စက်တင်ဘာ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်း ပြုလုပ်ပြီး ငွေကြေး အတင်းအဓမ္မ ကောက်ခံနေကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ‌စံဖဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ စံဖဲကျေးရွာ‌နေ ဦးဇင်း ‌၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်းသိရှိရသည်။

ထို့ပြင် သံဆိပ်စခန်းမှ အကြမ်းဖက် စစ်တပ်၏ စုပေါင်း စစ်ကြောင်းအဖွဲ့သည် သံဆိပ်ကျောကုန်း ရွာသူရွာသားများနှင့် အင်္ဂနီ ကျောက်တန်းရွာ ရွာသူသားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ပျဉ်ရေရွာနေမှ အသက် ၃၆နှစ်အရွယ် ကိုရဲမြင့်အောင်ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသော ဖျံတလင်းကျေးရွာနေ ပြည်သူ ၂ ဦးထံမှ မြန်မာငွေ ၇၅၀,၀၀၀ ကျပ်နှင့် ဗောဓိကွင်းကျေးရွာနေပြည်သူ ၂ ဦးထံမှ မြန်မာငွေ၂၅၀,၀၀၀ ကျပ် တောင်းခံပြီး ပြန်လွှတ်ပေးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်၊ ကတဲတိနှင့် ထီးသဘလူထာအုပ်စုအတွင်းရှိ ထီးသဲလေးနှင့် ထီးလော်သိထာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-Mutraw ခရိုင်က ပြောဆိုသည်။

စက်တင်ဘာလ ၂၁ရက်နေ့တွင် ဖာပွန်မြို့ အနောက်တောင်ဘက်ရှိ ကစယ်သဲဖလယ်(တောင်သုံးလုံး)တွင် အခြေ စိုက်သည့် အကြမ်းဖက် စစ်တပ်က ဒွယ်လိုးမြို့နယ်၊ ကတဲတိနှင့် ထီးသဘလူထာအုပ်စုအတွင်းရှိ ထီးသဲလေးနှင့် ထီးလော်သိထာကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာရပြီးနောက် လက်နက်ကြီးများ၊ တိုက်လေယာဉ်များကိုသာ အသုံးပြု၍ ပြည်သူများကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာကြောင်း KNU-Mutraw ခရိုင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article