28 C
Yangon

မကွေးတွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်းအတွင်းတွင် ဘုန်းကြီးဝတ်နေသူတချို့ကိုပါ စစ်မှုထမ်းရန် တိမ်း ရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် စစ်တပ်က လူငယ် များကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်းများတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကြကြောင်း၊ ထို့ကြောင့် စစ်တပ်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်းတချို့ကို ဝင်ရောက် စိစစ်ပြီး မကြာမီရက်ပိုင်း၊ လပိုင်းအတွင်းမှ ဘုန်း ကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် ပေါ် တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘုန်းကြီးဝတ်တွေမှာ သာသနာရေးက အသိအမှတ်ပြု သံဃာမှတ်ပုံတင်ကတ်ပြခိုင်းတယ်။ သံဃာမှတ်ပုံတင်ကတ်က အနည်းဆုံး ၃ ဝါ၊ ၄ ဝါလောက်မှ မြို့ နယ်သံဃနာယအဖွဲ့မှာ သွားလုပ်ရတာဆိုတော့ ဘုန်းကြီးဝါများမှ ရတာဆိုပါတော့ ။ အဲဒီတော့ ရက်ပိုင်း လပိုင်းက ဝတ်တဲ့သူတွေ မရကြဘူး။ အဲဒါ စစ်မှု ထမ်းဖို့ ရှောင်တယ်ဆိုပြီး သင်္ကန်းချွတ်ခိုင်းပြီး ခေါ်သွားတာပဲ” ဟု ရေနံချောင်းမှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ နေရံချောင်းမြို့ပေါ်တွင်လည်း ပေါ်တာဆွဲမှုများဖြစ်ပေါ်နေပြီး စက် တင်ဘာလ ၂၁ ရက်နေ့က လူငယ်တချို့ ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း၊ ရေနံချောင်းမြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ၎င်းတို့နှင့်နီးစပ်သော မိသားစုများမှ လူငယ်များကို ညပိုင်း အပြင်မထွက်ကြရန်နှင့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူမပြည့်သည့်အတွက် ဖမ်းဆီးမှုများ ဆက်တိုက် ရှိလာမည်ဟု သတိပေး ပြောဆိုထားကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း မကွေးတိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့နယ်၊ ဆူးပစ်စမ်းကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက လစဉ် ငွေကျပ် အနည်းဆုံး ၁ သောင်း ကောက်ယူနေကြောင်း၊ စစ်မှုထမ်းသူများအတွက်ဟုဆိုကာ မဖြစ်မနေ ပေးခိုင်းနေကြောင်း သိရှိရသည်။

“မကွေးမြို့နယ်၊ ဆူးပစ်စမ်းကျေးရွာမှာ စစ်မှုထမ်းအတွက် ပထမတစ်ကြိမ်အတွက် တစ်အိမ်ကို ၁၀၀၀၀ ကောက်ပါတယ်။ ဒုတိယအကြိမ်မှာ ၁၂၀၀၀ ကောက်ပါတယ်။ နောက်ပိုင်းတွေတော့ ကောက်တာက ပိုများလာတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက ကောက်နေတာ။ အိမ်ခြေ ၄၀၀ က လစဉ်လတိုင်း ဆက်ကြေးပေးနေရပါတယ်” ဟု ဆူပစ်စမ်းကျေးရွာမှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရသူများကို မြင်တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရသူများကို မြင်တွေ့ရစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article