33 C
Yangon

မြောက်ဥက္ကလာနှင့် ရွှေပေါက္ကံ အတွင်း ပြည်သူများထံမှ သန်းခေါင်စာရင်း အတင်းအကျပ် ကောက်ခံသူများကို အရေးယူမည်ဟု မြောက်ဥက္ကလာ ပကဖ အသိပေး

Must read

မြောက်ဥက္ကလာနှင့် ရွှေပေါက္ကံ အတွင်း ပြည်သူများထံမှ သန်းခေါင်စာရင်း အတင်းအကျပ် ကောက်ခံသူများကို အရေးယူမည်ဟု မြောက်ဥက္ကလာ ပကဖ အသိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်မြို့ မြောက်ဥက္ကလာနှင့် ရွှေပေါက္ကံ အတွင်း ပြည်သူများထံမှ သန်းခေါင်စာရင်း အတင်းအကျပ် ကောက်ခံသူများကို အရေးယူမည်ဟု မြောက်ဥက္ကလာ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပြည်သူများကို သန်းခေါင်စာရင်း အတင်းအကျပ်လုပ်ဆောင်ခိုင်းသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၏နာမည်နှင့် လိပ်စာ၊ ရပ်ကွက် (ဓာတ်ပုံ) များကို ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပကဖထံပေးပို့ရန်နှင့် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းနှင့် ရွှေပေါက္ကံမြို့နယ်အတွင်းရှိ ပြည်သူများ အကြမ်းဖက်စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို ပါဝင်မှုမပြုကြရန်နှင့် မဖြစ်မနေပေးရမည်ဆိုပါက အချက်အလက်များလွဲမှားစွာဖြေဆိုခြင်း၊ အချက်အလက်အမှားများသာပေးကြရန်လည်း ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

“ပြည်သူမျက်နှာ မကြည့်ဘဲ ပြည်သူကို ဒုက္ခပေးတဲ့ မည်သူမဆို ယခု တော်လှန်ရေး ကာလအလွန် ပြစ်ဒဏ်ခံရမယ်”ဟု မြောက်ဥက္ကလာပမြို့နယ် ပကဖ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သန်းခေါင်စာရင်းအတွက် ပါဝင်ကြမည့်ဌာနဆိုင်ရာ (လဝက) ဝန်ထမ်းများသည်လည်း သန်းခေါင်စာရင်းလုပ်ငန်း နှောင့်နှေးစေရန်၊အချက်အလက်များ မှားယွင်းစေရန်၊ နည်းမျိုးစုံပြုလုပ်ပြီး ပြည်သူဘက်က ပါဝင်ပေးကြပါရန်လည်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article