32 C
Yangon

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း မန္တလေးခရိုင်၊ အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ် ၊ မြောက်ကျွန်းရွာရှိ စစ်တပ် အထိုင်စခန်းမှ ထွက်လာသော စစ်သားနှင့် ပျူစောထီးများသည် အနိမ့်ကျေးရွာ နှင့် မြင်းခြံမြို့ကို နေ့စဉ်သွားပြီး လမ်းသွားလမ်းလာ ပြည်သူများ ဆဲဆိုခြိမ်းခြောက်ခြင်း၊ ပြည်သူများ ယူဆောင်လာသည့် ပစ္စည်းများ အားလုံးကို လုယှက် နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း မြောက်ကျွန်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သား ၆ ဦးလုံး လဲကျခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကောက်ယူရန် သွားရောက်စဉ် မြောက်ကျွန်းရွာဘက် မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိလာ၍ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာစဉ် စစ်ကောင်စီ တပ်သားများက ထပ်မံလိုက်လံ ပစ်ခတ်ခြင်းကြောင့် စနိုက်ပါဖြင့် ခုခံပစ်ခတ်ပြီး တော်လှန်ရေး ရဲဘော်အားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

“အဲဒီ ထိတွေ့မှုမှာတော့ စစ်ခွေးတွေဘက်က ၂ ကောင် ထိတာ ဆေးရုံတက်နေရတယ် သိရတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာတော့ စစ်ခွေး ၁ ကောင် သေဆုံးတယ်” ဟု မန္တလေးခရိုင်၊ အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်၊အမှတ်(၆) တပ်ရင်း၊ အမေ့သွေး(မြင်းခြံပျောက်ကြားတပ်ဖွဲ့) နှင့် ဧရာဝတီမင်းသား(မြင်းခြံပျောက်ကြားတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article