33 C
Yangon

ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်

Must read

ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်၊ ၃၂ မိနစ်၊ ၃၅ မိနစ်နှင့် ၄၈ မိနစ်တို့တွင် ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ သီရိမွန် ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကန့်ဘလူနယ် အရှေ့ခြမ်း သီရိမွန်ရွာကို ကန့်ဘလူ ၆၀၀၆ တက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သွားတာပါ။ ထိခိုက်မှုတော့ မကြားရသေးဘူး။ ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ ပစ်သွားတာ” ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article