31 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေသုံး

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေသုံး

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၅ ဦးသေသုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက မှန်နီပင်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီခန့် အထိ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ရေရှင်ကြီးကျေးရွာကို စံပါယ်နံ့သာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခရီးသွား ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း စံပါယ်နံ့သာရွာစခန်းမှ ထွက်လာသော အကြမ်းက် စစ်တပ် စစ်ကြောင်းသည် စခန်းအနောက်ဘက် ၂ မိုင်အနီးတွင် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံမိသည့် အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ပစ်သတ် ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က သီရိမွန်ရွာ ကိုလေကြောင်းဖြင့် ၅ ကြိမ် တိုက်ခိုက်ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ထပ်မံ၍ မေတ္တာမွန်ရွာနှင့် သီရိမွန်ရွာ အကြားကို လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article