33 C
Yangon

လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှု မရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမား

Must read

လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှု မရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမား

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက ယမန်နေ့ည အချိန် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးမှုမရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားကြောင်း MNDAA သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့နှင့် အဆောက်အအုံများပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးမှုကြီးမားကြောင်း သိရှိရသည်။

“မနေ့ည လားရှိုးမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၈ ရုံး အနောက်ဘက် ကားဝပ်ရှော့နှင့်ဘေးတဝိုက် အဆောက်အဦးတော်တော်များများ၊ ကားများ ထိခိုက်ပျက်စီးသွားပါတယ်။လူထိခိုက်သေဆုံးမှုမှုမရှိ ကြောင်း သိရပါတယ်။ ခုလအတွင်း စကစရဲ့ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင်း ပြည်သူအများအပြား ထိခိုက်ပြီး နေအိမ် အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ရပ်များဟာ လူမဆန်စွာ ပြည် သူလူထု အပေါ် ကိုမညဲ့ညှာပဲ လူနေအိမ်များ၊ဈေးများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုများအပြီး ဒဏ်ရာရရှိသူများကို ‌လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် အရေးကြီးလူနာအနေနှင့် ကုသပေးလျက်ရှိကြောင်း သိရပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး သတင်းရင်းမြစ်က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article