24 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ ဖြစ်နေတာလည်း မရှိပါဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး နေတာပါ” ဟုအဖြူရောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့ပေါ်ကို ပြန်လည် ဝင်ရောက် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက မြို့ပေါ်ရှိ နေအိမ်များနှင့် အနီးအနားကျေးရွာများမှ ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article