26 C
Yangon

ထိုင်းနိုင်ငံသို့ MOU ဖြင့် အလုပ်လုပ်ရန် ရောက်လာသည့် မြန်မာအလုပ်သမား ၂၇၃ ဦးကို အလုပ်ခေါ် အေဂျင်စီက အလုပ်မပေးဘဲ MOU စာချုပ် ချိုးဖောက်နေ၍ ဒုက္ခရောက်နေ

Must read

ထိုင်းနိုင်ငံသို့ MOU ဖြင့် အလုပ်လုပ်ရန် ရောက်လာသည့် မြန်မာအလုပ်သမား ၂၇၃ ဦးကို အလုပ်ခေါ် အေဂျင်စီက အလုပ်မပေးဘဲ MOU စာချုပ် ချိုးဖောက်နေ၍ ဒုက္ခရောက်နေ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံသို့ MOU ဖြင့် အလုပ်လုပ်ရန် ရောက်လာသည့် မြန်မာအလုပ်သမား ၂၇၃ ဦးကို အလုပ်ခေါ် အေဂျင်စီက အလုပ်မပေးဘဲ MOU စာချုပ် ချိုးဖောက်နေ၍ ဒုက္ခရောက်နေကြောင်း WAG မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ချွန်ပူလီခရိုင် စီရတ်ချာမြို့တွင် ရောက်ရှိနေသော မြန်မာ (MOU) အလုပ်သမား ၂၇၃ ဦးသည် စာချုပ်ချုပ်ဆိုထားသည့် မီးလိုင်းနှင့် ရေလိုင်း မဟုတ်ဘဲ ထိုင်းရောက်ချိန်တွင် မြန်မာနိုင်ငံဘက်မှ အေဂျင်စီဖြစ်သည့် ZIN TUN WIN 999 CO.,LTD က အခြားအလုပ်ပြောင်းလဲလုပ်ကိုင်ရန် ပြောဆိုနေပြီး အလုပ်သမားများ ဒုက္ခရောက်နေခြင်းဖြစ်ကြောင်းသိရသည်။

အလုပ်သမားများကို ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊လယောင်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရန် အတွက် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း ထိုင်းရောက်ချိန်တွင် ကုမ္ပဏီဒေဝါလီခံရသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အလုပ်သစ်ရှာပေးမည်ဟု ဆိုကာ အလုပ်သမားများကို စီရတ်ချာမြို့သို့ ခေါ်ဆောင်လာခဲ့ပြီး စာချုပ်ချုပ်ထားသည့် အလုပ်မဟုတ်ဘဲ ဆောက်လုပ်ရေးပိုင်းတွင် လုပ်ခိုင်းခဲ့ကြောင်း သိရှိရသည်။

“အဓိကက မြန်မာက စာချုပ်ချုပ်လာတာက မီး နဲ့ရေလိုင်း။ ထိုင်းထဲရောက်မှ အလုပ် စက်ရုံက ဒေဝါလီခံတယ်ဆိုပြီး ပြောတယ်။ အခုကျတော့ ဒီအလုပ်သမားတွေ နေဖို့ ခက်ခဲနေတယ်။ အခုလက်ရှိ ထိုင်းဥပဒေအတိုင်းဆက်လုပ်ဖို့ ရှိတယ်”ဟု WAG မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

အလုပ်သမားများသည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ လယောင်မြို့သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်မှ အေဂျင်စီဖြစ်သည့် ZIN TUN WIN 999 CO.,LTD သည် ထိုင်းရောက်ချိန်တွင်မှ ကုမ္ပဏီဒေဝါလီခံရကြောင်း ပြောပြခဲ့ပြီး အလုပ်သမားများကို ဆောက်လုပ်ရေး အလုပ်လုပ်ကိုင်ရန်ပြောဆိုခဲ့ကြောင်း၊ အလုပ်သမားများက မူလစာချုပ်ချုပ်ဆိုသည့် အလုပ်သာ လုပ်လိုသည်ဟု ပြန်လည် ပြောကြားထားကြောင်း၊ ZIN TUN WIN 999 CO.,LTD သည် MOU စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒီ ဇင်ထွန်းဝင်း ပို့တဲ့ အလုပ်သမားပို့တိုင်း အလုပ်သမားတွေ ဒုက္ခရောက်တယ်။ မြန်မာဘက်က တံဆိပ်တုံးတွေ ရမ်းရမ်းထုပေးတယ်။ သေချာ မစိစစ်ဘဲ blacklist သွင်းတာမျိုး လုပ်ရမှာ ။ အဲဒီကုမ္ပဏီက အရင်ကတည်းက ရာနဲ့ချီတင်တယ် အမြဲပြဿနာဖြစ်တယ်။၂၀၂၃ မှာပဲ အဆင်ပြေတယ်။ ခု ပြန်ဖြစ်တယ်။ ၂၀၂၄ ထဲမှာ ၄၀၀ ကျော် တင်တယ် အဆင်မပြေတာများတယ်။ ခု အလုပ်သမားတွေကို မြန်မာပြည်က သူတို့ နေတဲ့ နေရပ်က ရဲစခန်းတွေမှာ အေဂျင်စီကို အမှုလှမ်းဖွင့်ဖို့ ပြောထားတယ်”ဟု WAG မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိတွင် အလုပ်သမားများကို စီရတ်ချာမြို့ PENRUND CONDO VIEW ၏ အောက်ဆုံးအထပ်တွင် ထားရှိကာ စာချုပ်ချုပ်ထားသည့် အလုပ်လည်း မရရှိဘဲ နေရေးလည်း ခက်ခဲနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article