26 C
Yangon

ဘုတလင်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြား၊ စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်

Must read

ဘုတလင်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြား၊ စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ကူတော်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အများအပြား သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဘုတလင်မြိုနယ် အနောက်ဘက်ခြမ်းရှိ စီပါရွာ အနီးဝန်းကျင်ကို မိတ္ထီလာမှ တက်လာသော K-8W Jet Fighter ၁ စီးဖြင့် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်၊ ၅၅ မိနစ်၊ ၅၇ မိနစ်၊ ၅၉ မိနစ်၊ ၃ နာရီ နှင့် ၃ နာရီ ၁ မိနစ်၊ ၄ မိနစ်၊ ၅ မိနစ်နှင့် ၆ မိနစ်တို့တွင် လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးအသေ ဆယ်ချီရှိတယ်လို့ ကြားသိထားပြီး အရှင်ဖမ်းမိတာလည်း များတယ်။ လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ အင်အားက ၇၀ လောက် ပါမယ်လို့ သိရတယ်။ မသေမရှင်နဲ့ ထွက်ပြေးသွားကြတဲ့ စစ်ခွေးတချို့က လေကြောင်းပစ်ကူတောင်းခဲ့တာကြောင့် မိတ္ထီလာရှမ်းတဲကနေတက်လာပြီး စီပါရွာ အနီးကို ဖိုက်တာနဲ့ ၉ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်သွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article