26 C
Yangon

ဘုတလင်မြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိ

Must read

ဘုတလင်မြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း 96 Solider PDF (အညာဒေသ) မှ ဒုတိယစစ်ရေးတာဝန်ခံ ကိုဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတောရဲစခန်းသို့ စစ် ကူလာရောက်ပြီး ဘုတလင်မြို့သို့ ပြန်လည် ဆုတ်ခွာလာသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကနေရာအသီးသီးခွဲယူကာ ပိတ်ဆို့ဖြတ် တောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့်အရှင်ဖမ်းမိကာ စစ်သားအချို့ထွက်ပြေး သွားကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကူတောရဲစခန်းက နမခကို ကာထားတာ၊ အဲဒီစခန်းနယ်မြေခံရဲဘော်တွေက စခန်းသိမ်းတိုက်ခိုက် လိုက်တယ်၊ အဲဒီစခန်းသိမ်းတိုက်လိုက်တော့ ဘုတလင်ကနေ ကူတော်ကို အင်အား ၁၂၀ နဲ့ စစ်ကူ လာတာ၊ အဲလိုစစ်ကူလာပေးရင်းနဲ့ ရက်သတ္တပတ်ထက်မနည်း အထိုင်ချပြီးတော့ ဘေးနားက ရွာ တွေကို လှည့်ပတ်ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေခိုးတယ်။ ရိက္ခာယူတာပေါ့၊ ဒီနေ့တော့ သူတို့က ကူတော်ကနေ ဘုတလင်မြို့ထဲကို ပြန်ဝင်ဖို့လုပ်တာ၊ ကြားထဲမှာ တိုက်ပွဲဖြစ်တာပေါ့၊ ထွက်လာတဲ့ စစ်ကြောင်းက ပိတ်မိသွားတယ်လို့ ပြောလို့ရတယ်၊ အဲလိုပိတ်မိသွားတော့ အသေအပျောက်က ၅၀ ဝန်းကျင်လောက်ရှိမယ်၊ အရှင်ဖမ်းမိတာက ၄၀ ဝန်းကျင်လောက်ရှိမယ်။ လက်နက်တွေလည်း သိမ်း ဆည်းရရှိခဲ့တာရှိတယ်၊ အရေအတွက်တော့ အတိအကျပြောလို့ရသေးဘူး။ လက်နက်တွေဖွတ်ပြီး ထွက်ပြေးတာတွေလည်းရှိတယ်၊ အဲလိုအထိနာသွားတ့အချိန် မှာ လေကြောင်းပစ်ကူတောင်းတော့ ဖိုက်တာနဲ့လာပစ်တာ၊ ဗုံးသီးလည်းချတယ်၊ အပေါ်က‌နေ စက် လက်တွေပါဆွဲတယ်။ တိုက်ပွဲက ၁၂ နာရီလောက်ကနေ စဖြစ်တာ၊ တိုက်ပွဲဖြစ်ချိန်က ၄ နာရီဝန်းကျင်လောက်ရှိမယ်” ဟု 96 Solider PDF (အညာဒေသ) မှ ဒုတိယစစ်ရေးတာဝန်ခံ ကိုဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပိတ်ဆို့ဖြတ်တောက်ခံရမှုသည် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်နေစဉ် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ထက် မနည်းဗုံးကျဲပြီး စက်လက်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်၊ ယင်းတိုက်ပွဲဖြစ်သည့်နေရာကို ယနေ့ ညပိုင်းအထိ Mi ၁၇ ဖြင့် ကင်းထောက်လှည့်ပတ်ပျံသန်းမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို 96 Soliders PDF (အညာဒေသ) တပ်ဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ် ဖွဲ့များ၊ NUG ကာကွယ်ရေးဝန်းကြီးဌာန တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article