33 C
Yangon

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ဆရာတော်၊ သံဃာတောများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် နှင့် ကန့်ကွက်ကြရန် သံဃသမဂ္ဂ (မန္တလေး)က တိုက်တွန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ဆရာတော်၊ သံဃာတောများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် သံဃသမဂ္ဂ (မန္တလေး)က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင် စာ ရင်း စတင်ကောက်ယူခဲ့ပြီး စက်တင် ဘာလ ၃၀ ရက်န့ကတည်းက စစ်ကောင် စီ က ဘုန်းကြီးကျောင်းအချို့တွင် သံဃာတော်များကို သန်းခေါင်စာရင်း ကောက် ယူနေပြီး၊ မြို့နယ်အလိုက် ကောက်ယူသွားရန် စီစဉ်နေသည်ဟု ကနဦး သိရှိထားကြောင်း၊ စစ်ကောင်စီလက်အောက်ခံ သံဃာမဟာနာယကအဖွဲ့ က စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်နေသော လူပုဂ္ဂိုလ်များကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ ထိုသို့စာရင်းကောက်ယူရာတွင် အဆင်ပြေစွာ ဆောင် ရွက်နိုင်ရေးအတွက် ကျောင်းထိုင်ဆရာတော်များက ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်သံဃာနာယကအဖွဲ့များထံသို့ စာထုတ်ညွှန်ကြားသည်ကို ထပ်မံ တွေ့ရှိရကြောင်း သံဃသမဂ္ဂ (မန္တလေး)က ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ မဟနအဖွဲ့အစည်း၏ အကြမ်းဖက် စစ်ကောင်စီ အလိုကျအတိုင်း စာထုတ်ညွှန်ကြားချက် အပေါ် သံဃသမဂ္ဂ(မန္တလေး)က အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေ ပြဌာန်းကြေညာပြီးနောက် နိူင်ငံတစ်ဝှမ်း အဓမ္မ နည်းလမ်းများကို အသုံးပြု၍ ပေါ်တာဆွဲမှုများ၊ စစ်သင်တန်းပေးမှုများ၊ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်မှုများပြုလုပ်ကာ ၄င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူ များ၏ လူသား အရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများစွာရှိကြောင်း သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန် ကြေ ညာသည်။

ထို့ကြောင့် သံဃာတော်များအား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ် သက် ၍ (မ.ဟ.န) အဖွဲ့အစည်း၏ ထုတ်ပြန်သည့် ညွှန်ကြားချက်ပါ အကြောင်း အရာများကို ဓမ္မကို မြတ်နိူးတန်ဖိုးထားတော်မူကြသော ဆရာတော်သံဃာ တော်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြပါရန်၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန် လိုအပ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က တိုက်တွန်းသည်။

ဓာတ်ပုံ – ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ သံဃာသမဂ္ဂ (မန္တလေး)က ချီတက်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ သံဃာသမဂ္ဂ (မန္တလေး)က ချီတက်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article