26 C
Yangon

ရေဦးမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ရဲလိုင်းခန်း မီးလောင်ပျက်စီး

Must read

ရေဦးမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ရဲလိုင်းခန်း မီးလောင်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ရဲလိုင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF က ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့မ ရဲစခန်းအတွင်းကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ရေဦးPDF မှ Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရဲစခန်းအတွင်းရှိ သတင်းပေး Informer သန်းနိုင်နေသော လိုင်းခန်းပေါ်ကို ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်းလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article