26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ တစ်နေ့ကို တစ်ကြိမ်သာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့် စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ကို စစ်ကောင်စီက မကြာမီ စမ်းသပ် အသုံးပြုတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူရေးအသင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်က ဖယ်ခုံမြို့နယ် လအိကျေးရွာမှာ ဘုရားဆင်းတုတော်တွေကို ဖျက်ဆီးပြီး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီဘက်က နည်းအမျိုးမျိုးနဲ့ လှုံ့ဆော် ဖန်တီးလာပြီး ၊ မြေပြင်မှာ ကျူးလွန်တဲ့သူတွေကို ကရင်နီတော်လှန်ရေးတပ်တွေက ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက မြစ်သားမြို့နယ်မှာရှိတဲ့ ကင်းတားရေလှောင်တမံမှာ ရေပြည့်နေတဲ့အတွက်ဆိုပြီး ရေတံခါး ၄ ပေါက်ကို ဖွင့်ချလိုက်ရာမှာ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနဲ့ ဝမ်းတွင်းမြို့နယ်တွေ အတွင်းက ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာတွေ ရေကြီးနေမြုပ်နေတဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article