29 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျွန်းခုံသာရွာ ၊ ရေရှင်မရွာ အကြား နှင့် ရေရှင်မရွာ သံလမ်း အနီးတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြာင်းနဲ့ တိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ပထမ လေကြောင်းကျဲမှုမှာ ကျွန်းခုံသာရွာ နဲ့ ရေရှင်မရွာ အစပ်ကို ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲတယ်။ နောက် ဒုတိယအကြိမ်မှာတော့ ရေရှင်မရွာရဲ့ သံလမ်း အနီးကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိသော်လည်း ယင်းနေရာများသည် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေသော နေရာများများဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article