ရန်ကုန်၊ မေ ၉
မြင်းခြံအခြေစိုက် PDF တဖွဲ့ဖြစ်သော မြေလတ် PDF-MGN District က ထိန်းချုပ်ထားရာ လမ်းပိုင်းတခုတွင် ခရီးသွားကားများကို လုံခြုံရေးစစ်ဆေးနေစဉ် ပူတာအိုအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၄၆ မှ တပ်ကြပ်ကြီး ၁ ဦး၏ သားဖြစ်သူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါ PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ခလရ ၄၆ တပ်ရင်းတွင် နေထိုင်သော အဆိုပါ ၁၈ နှစ်ရှိ မောင်မျိုးမင်းမြတ်ကို ၂ ရက်တာ ခေါ်ယူစစ်ဆေးကျွေးမွေးခဲ့ကြောင်း၊ ယင်းနောက် MOD လက်အောက်ခံ PDF တို့၏ ကျင့်ဝတ်အတိုင်း လိုရာခရီးကို ဆက်လက်သွားခွင့်ပြုလုပ်ကြောင်း သိရှိရသည်။
ယခု ဖြစ်စဉ်ကို ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ခလရ ၄၆ မှ တပ်ကြပ်ကြီး သိရှိနိုင်ပါစေ ဟု မြေလတ် PDF-MGN အဖွဲ့က ရေးသားဖော်ပြသည်။
ဓါတ်ပုံ – မြေလတ် PDF-MGN အဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော မောင်မျိုးမင်းမြတ်