28 C
Yangon

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ ၂၂ မိနစ်ခန့်တွင် ဒီပဲယင်မြို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ လေယာဉ်က ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကိုပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တင်းတိမ်ရံရွာမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တင်းတိန်ရံရွာ၊ ရွာမရွာ၊ အုန်းခြံရွာ၊ ရှော်ဖြူရွာနှင့် ချောင်းရိုးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ရံရွာကို ဗုံးသီး ၁ လုံး လာကျဲချသွားတာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်။ ဒီပဲယင်းမြို့အနီးကို ပထမ လေကြောင်း တိုက်ခိုက်ပြီး ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ရံရွာကို ဗုံးသီး ၁ လုံး လာကျဲချသွားတာ အနီးအနားရွာတွေက ပြည်သူတွေပါ ပြေးနေရပြီ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article