32 C
Yangon

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီးညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီးအောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်၀လာနေ

Must read

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီးညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီးအောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်၀လာနေ

ရန်ကုန်၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက တာဝန်ပေးခံရသူ လေတပ်အရာရှိကြီးတချို့ မှာ တရားမဝင် ငွေရလမ်းကြောင်းဖြင့် ချမ်းသာကြွယ်၀လာနေကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တပ်မတော်နည်းပညာတက္ကသိုလ်DSTA အပတ်စဉ် ၂ မှ ဒုဗိုလ်မှူးကြီး ညီဇော်ထက်သည် နေပြည်တော်ရှိ လေတပ်စစ်ရုံးတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးအတွက် အဓိက ဦးဆောင်လုပ်ဆောင်နေရပြီး လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးများမှ အလွန်ကြွယ်၀ချမ်းသာလာကြောင်း၊ နေ့စဉ် အရက်ကောင်းများ သောက်၍ ဇိမ်ခံနေပြီး ချမ်းသာကြွယ်၀လာနေကြောင်း သိရှိသည်။

“ဒုဗိုလ်မှူးကြီး ညီဇော်ထက်က DSTA အပတ်စဉ် ၂ က။ လက်ရှိနေပြည်တော် ကက(လေ) စစ်ရုံးက။ အရင် စက်မှုလက်မှုက G1 အခုတော့ ဗိုလ်မှူးကြီး ဖြစ်သွားပြီ။ ကက(လေ)မှာပဲ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းရေး ဝယ်ယူရေး တွေက အဓိက လုပ်ပေးနေတာ သူပဲ။ စစ်ရုံးပေါ်မှာနေနေတာကြာပြီ။ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းကောင်းတံဆိပ်ရထားတယ်။ ပြည်သူတွေ ဗုံးကျဲဖို့ အဓိက လုပ်ဆောင်ပေးနေသူပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်သူများကို ဗုံးကျဲသတ်ဖြတ်နေသာ Y 12 လေယာဉ်အုပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းတွင် တာဝန်ကျနေကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

“၂၀၂၃ ခုနှစ်မှာ ဗိုလ်မှူး ထွန်းလွင်ဦးက တပ်ချုပ်က ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲ ကောင်း မှတ်တမ်းဝင်တံဆိပ်ရရှိထားတယ်” ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။

စစ်ကေင်စီ၏ လေတပ်ကွပ်ကဲမှုများကို နမ့်စန်လေတပ်စခန်းမှနေ၍ အဓိက ကွပ်ကဲ ဆောင်ရွက်ပေးနေသူ လေကြောင်းအင်ဂျင်နီယာ ဒုတိယဗိုလ်မှူးကြီး အောင်ဌေးဖြစ်ပြီး စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်က ချီးမြှင့်သည့် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article