ရန်ကုန်၊ မေ ၉
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်တပ်၊ ထွေအုပ်နှင့်ရဲများ ပူး ပေါင်း၍ လိုင်စင်မဲ့ကား တင်သွင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး စစ်တပ်အသိုင်းအ၀ိုင်းက လိုင်စင်မဲ့ကားများကို အဓိက အသုံးပြုနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ်၊ မြ၀တီဘက်မှ တောင်ငူ၊ နေပြည်တော်၊ ရန်ကုန်၊ဧရာ၀တီ၊ မန္တလေး၊ ရှမ်းပြည်နယ်များသို့ နေ့စဉ် လိုင်စင်မဲ့ကား အစီး ၂၀ အထက် စစ်တပ်၊ ရဲ၊ ထွေအုပ်များပေါင်း၍ ပွဲစားများနှင့်ချိတ်ဆက်ကာ နိုင်ငံတစ်ဝန်း သယ်ယူပို့ဆောင်မှုများရှိနေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ရဲ ၊ ယာဥ်ထိန်း ထွေအုပ် စစ်ဗိုလ်ကြီးတွေနဲ့ ပွဲစားတွေ ပေါင်းပြီး တစ်နေ့ W အစီး ၂၀ ကျော် နေပြည်တော် တောင်ငူ ရန်ကုန် ဧရာဝတီ ရှမ်း မန္တလေး အခေါက် ရေစိတ် ပို့ပြီး ရေလျှံတယ်(ငွေရလွယ်) ။ သံလွင်တံတား၊ ဒုံသမိတံ တား နဲ့ မရမ်းချောင်တို့မှာ စစ်ဆေးရေးဂိတ်တွေက သယ်ခငွေကို လူကိုယ် တိုင်ပေးလက်မခံဘူး။ Wave K pay ကြိုငွေလွှဲပေးရတယ်။ နေပြည် တော်က လိုင်စင်မဲ့ကား အများဆုံးမှာတယ်။ ခရိုနီတပည့်တွေ၊ နေပြည်တော် အဘ PA တွေစီးကြတာ။ ရန်ကုန်မှာ ယာဥ်အစစ်ကိုထားပြီး ပွားစီးပုံစံနဲ့ လုပ်ချင်ရာလုပ် မင်းမူနေကြတာ” ဟု နေပြည်တော် အသိုင်းအ၀ိုင်းက ပြောသည်။
လိုင်စင်မဲ့ကား ပွဲစားများသည် နေပြည်တော်သို့ လိုင်စင်မဲ့ကားများ သယ်ယူရာတွင် လိုင်စင်မဲ့ကားတစ်စီးလျှင် ငွေကျပ် ၅ သိန်း အသွားအလာစရိတ်နှင့်စားစရိတ်အပြီးအစီးကျန်ရှိကြောင်း သိရှိရသည်။
လိုင်စင်မဲ့ကားများကို တပ်အတွင်းအသုံးပြုမှုများပြားလာရာတွင် စစ်အရာရှိမိသားစုနှင့်ဆွေမျိုးများ၊ အသိုင်းအ၀ိုင်းက အဓိကထားအသုံးပြုကြောင်း၊ ရှိရင်းစွဲ ကားနံပါတ်ကို ပွား၍ စီးနင်းမှု အများဆုံးဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပု- ရန်ကုန်သီလဝါဆိပ်ကမ်းတွင် ဦးသိန်းစိန်အစိုးရလက်ထက် ဝင်လာသည့် ကားများ။ (ပုံအဟောင်းဖြစ်သည်)