29 C
Yangon

ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာ

Must read

ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာ

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်သား၊ ရဲ နှင့် ပျူစောထီး အများအပြား လုံခြုံရေးယူထားသော ရွှေဘိုမြို့ ဈေးတောင်ဘက်ရှိ ကုန်သည်တစ်ဦး နေအိမ်နှင့် နန်းတော် အနောက်ဘက်ရှိ ငါးခြောက်ဆိုင် ၁ ဆိုင်ကို ဓားပြ ဝင်တိုက်ခဲ့ရာ ရွှေ၊ ငွေ အများအပြားပါ သွားကြောင်း၊ ထိုသို့ ဓားပြတိုက်ရာတွင် ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ တံခါးဖွင့်ခိုင်းပြီး လူများကို ကြိုးဖြင့်တုတ်၍ ရှိသမျှ ပစ္စည်းအကုန် ရှာဖွေယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဧည့်စာရင်း စစ်မယ် အဲလိုပုံစံမျိုးနဲ့ တံခါးခေါက်ပြီး ဓားပြဝင်တိုက်တာ လူအလုံးကို ကြိုးနဲ့ တုတ်တယ်။ ပြီးတော့ ရှိသမျှ ရွှေ၊ ငွေ အကုန်ယူတယ်။ အဲလိုနေရာတွေက စကစ လုံခြုံရေးတင်းကြပ်ထာ တဲ့ နေရာတွေပါ။ နေ့ရော ညပါလုပ်နေတာ မနေ့ည ၉ နာရီလောက်က ဈေးတောင်ဘက်မှာ ကုန်သည်တစ်ဦး ဓားပြတိုက်ခံရတယ်။ ညနေပိုင်းက နန်းတော်အနောက်ဘက် ငါးခြောက်ဆိုင်အိမ်တစ်အိမ် ဓားပြတိုက်ခံရတယ်။ အရင်ကတော့ ဖုန်း meassage နဲ့ စာပို့ခြိမ်းခြောက်ပြီး ငွေလွှဲခိုင်းတာ မလွှဲရင် အခု လာသတ်မယ်ခြိမ်းခြောက်တော့ လုပ်ငန်းရှင်တွေက လွှဲပေးရတာ အခုက အဲလိုမဟုတ်တော့ဘူး။ ဧည့်စာရင်းစစ်တယ်။ လူမများတဲ့ အိမ်ဆိုရင် ဒီနေ့စစ် မနက်ဖြန် ဓာပြတိုက်ခံရပြီပဲ အဲလိုပေါ်တင် လုပ်နေတာပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ လုပ်ဆောင်နေသည်မှာ ရွှေဘိုမြို့နယ်၊ မေခွန်ရွာသား ပျူစောထီး ခေါင်းဆောင် ပေါသိန်း ဆိုသူ နှင့် နောက်လိုက်များက အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်များကို အကြမ်းဖက်စစ်သားထံ ထောက်ပံ့ပေးခြင်း၊ မေခွန်၊ နွားလေးကုန်း ၊ ဈေးကလေးရွာသူ၊ ရွာသားများကို စစ်ကောင်စီက ထောက်ပံ့သည်ဟုဆိုကာ ဝေငှပေးခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

“အဓိက လုပ်နေတာက မေခွန်ရွာသား ပေါသိန်းနဲ့ ရဲခွေးတွေပါ။ မာရှယ်လော အချိန် ဧည့်စာရင်း စစ်ချိန် တွေဆိုရင် ပြည်သူတွေကြောက်နေကြပြီ စကစ လုံခြုံရေး တာဝန်ယူထားတဲ့ မြို့လယ်တွေက ပိုက်ဆံရှိတဲ့ အိမ်တွေကို ရွေးပြီး တိုက်နေတာ လူတော်တော်များများ ရာချီခံကြရပါတယ်” ဟု ဒေသနေ ပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article