30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၉ မိုင်လောက်သာ ရှိတော့တဲ့ မဲတောင်ဗျူဟာစခန်းကုန်းနဲ့ ပတ်ပတ်လည်က စစ်စခန်းတွေအကုန်လုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထား တယ်လို့ အောက်တိုဘာလ ၇ ရက်နေ့ ဖြစ်တဲ့ မနေ့ကပဲ အာရက္ခတပ်တော် AA က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
  • ချင်းပြည်နယ် ၊ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ချင်းတော်လှန်ရေးတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်သား တွေရဲ့ အလောင်း တွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ CDF ထန်တလန်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း ၊ ဂန့်ဂေါမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်ရင်းကနေ ပင်လည်ဘူးမြို့ကို စစ်ကူသွားတဲ့ ဗိုလ်မှူး ဖြိုးကိုကိုဦး အပါအဝင် စစ်သား ၁၀ ဦးဟာ တိုက်ပွဲမှာ ထပ်မံ သေကုန်ကြပြန်ပြီ ၊ အဲ့ဒီ့သတင်းကိုလည်း စစ်တပ်က သတင်းမပေါက်ကြားဖို့ လျှို့ဝှက်ခိုင်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article