28 C
Yangon

မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ တွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့်သေဆုံး၊ မိုင်းကွင်းအတွင်း ဝင်လာသော စစ်သား အယောက် ၅၀ ကို ထိထိမိမိ ဖောက်ခွဲ၍ စစ်သား ၃၀ ခန့် သေနိုင်ဟုဆို

Must read

ရန်ကုန်၊ မေ ၉

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်း မိုင်တိုင် ၂၅ တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယနေ့ မေလ ၉ ရက် နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကြောင်း၊ CDF များထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ဝင်ရောက်လာစဉ် အောင်မြင်စွာခွဲနိုင်၍ စစ်သား ထိခိုက်သေဆုံးမှုများကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။”ဒီနေ့ ၂၅ မိုင်မှာ ကျနော်တို့က အနီးကပ် မောင်းပြန်တွေ၊ RPG တွေနဲ့ ပစ်တာ ၁၀ ယောက်လောက် သေနိုင်တယ်။ အဲဒီမှာပဲ မိုင်းကွင်းထဲကို စစ်သား အယောက် ၂၀ လောက် ရောက်နေချိန်ခွဲလိုက်တာ ရှေ့တန်းက ရဲဘော်တွေ ပြောတာတော့ ၂၀ လုံး သေနိုင်တယ်လို့ ပြောတယ်။ နောက် အယောက် ၃၀ လောက်ရှိတဲ့ ရှေ့ပြေးအဖွဲ့က ၂၄ မိုင်မှာ မိုင်းကွင်းထဲကို ဝင်လာတဲ့အချိန် ဖောက်ခွဲလိုက်တာ အကြီးအကျယ်ပေါက်ကွဲသွားတယ်၊ သေဆုံးထိခိုက်မှုများနိုင်တယ်ပေါ့” ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။CDF မင်းတပ်အဖွဲ့က မိုင်းအလုံးပေါင်းများစွာကို ပတ်ပတ်လည် ထောင်ထားခဲ့ပြီး အဆိုပါ မိုင်းကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မျှားခေါ်ကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။”မိုင်းတွေက အများကြီးထောင်ထားတာ၊ မိုင်းကွင်းထဲကို ဝင်လာတာ ၂ ကြိမ်မှာ အယောက် ၅၀ လောက်ရှိတယ်။ မိုင်းကလည်း အကြီးကြီး ကွဲတာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူးလေ။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ပဲ ထုတ်ပြန်ထားတာပါ။ ကျနော့် တယောက်တည်း အမြင်အရကတော့ အယောက် ၅၀ မှာ ၃၀ လောက် သေနိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်း မိုင်တိုင် ၃၂ မှ ၂၇ အတွင်း၌ စစ်ကောင်စီယာဉ်တန်းကို CDF က တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ စစ်ယာဉ်တန်းသည် သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီမှ ဧပြီလ ၂၇ က်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ဓါတ်ပုံ – မင်းတပ်ဘက်သို့ ထွက်ခွာလာနေသော စစ်ယာဉ်တန်း
Photo Credit – CDF Mindat

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article