33 C
Yangon

လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီထံသို့ သတင်းပေးနေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးထားသော်လည်း သေဒဏ်ချမှတ်ခြင်းမရှိဘဲ ထိန်းသိမ်းထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသော သတင်းပေးပို့နေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးထားသော်လည်း သေဒဏ်ချမှတ်ခြင်းမရှိကြောင်း MNDAA ဘက် သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ပေါ်တွင်နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေသူများကို MNDAA တပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ လူဦးရေ ၂၀ ကျော်အထက် ဖမ်းမိထားကြောင်း၊ ၎င်းတို့၏ သတင်း ပေးပို့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အအုံများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိသော စစ်ကောင်ထံသတင်းပေးသူများကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပြီး လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ သတင်းပေးပို့မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသူများကို စိစစ်၍ အမှန်တကယ်သတင်းပေးခြင်းမရှိသူများကို ပြန်လွှတ်ပေး ကာ သတင်းပေးပို့သည်ဟု ယူဆရသောသူများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရ သည်။

ဖမ်းဆီးရရှိသူများကို MNDAA အနေဖြင့် သေဒဏ်အပြစ်ပေးခြင်းမျိုးမရှိဘဲ ယာယီထိန်းသိမ်းထားသာ ဖြစ်ပြီး လားရှိုးမြို့နေပြည်သူများအနေဖြင့် စစ်ကောင်စီထံ သတင်း‌ပေးပို့ နေသူများနှင့် ပတ် သက်၍ သံသယရှိခြင်း၊ ကြားသိခြင်းရှိပါက လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖြစ်စေ၊ နီး စပ်ရာ ရပ်ကွက်ရုံးတာဝန်ရှိသူများထံဖြစ်စေ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း လားရှိုးမြို့ပြန် လည်ထူ ထောင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်တပ်က လားရှိုးမြို့မစျေးကို ဗုံးကျဲခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က လားရှိုးမြို့မစျေးကို ဗုံးကျဲခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article