33 C
Yangon

မန္တလေးတွင် ကြားကာလ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေး ယန္တရားများ စနစ်တကျရှိစေရေး အစီအမံနှင့် မူကြမ်းရေးဆွဲမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်းအတွင်းကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အနေဖြင့် မန္တလေးဒေသနှင့် ကိုက်ညီမည့် အစီအမံများကို ဝိုင်းဝန်းစဉ်းစားကာ မူကြမ်းရေးဆွဲသွားမည်ဖြစ်ကြောင်း ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မိုး အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်နေ့က မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံ ရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်ကို အများ ပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ လုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် မန္တလေးဒေသကိုယ်စားပြု ရွေးကောက်ခံ လွှတ် တော် ကိုယ်စားလှယ်များအပါအဝင် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြားတွင် အချိန် တစ်ခု ယူကာ အကျေအလည် ညှိနှိုင်းဆွေးနွေး၊ သဘောတူခဲ့ကြပြီး ဖြစ်ကြောင်း ယမန်နေ့ အောက် တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ဒီကော်မတီက ဘာတွေဆက်လုပ်သွားမလဲဆိုတော့ ဒီမန္တလေးဒေသအတွက် ကြားကာလနိုင်ငံရေး အစီအမံဆိုတာက တော်လှန်ရေးကာလဖြစ်တဲ့အတွက် မန္တလေးဒေသမှာ စိုးမိုးထိန်းချုပ်ဒေသတွေ ရှိသွားပြီ၊ အေးချမ်းသွားတဲ့အခါမှာ စနစ်တကျ အုပ်ချုပ်ရေးယန္တရားတွေ၊ တရားစီရင်ရေး ယန္တရား တွေ လည်ပတ်နိုင်ဖို့အတွက် ပါဝင်မယ့် မန္တလေးဒေသ ပြည်သူတွေနဲ့ မန္တလေးဒေသအတွက် ကိုက် ညီမယ့် အစီအမံတွေကို ကျနော်တို့ ဝိုင်းဝန်းစဉ်းစားပြီးတော့မှ ရေးဆွဲကြမှာဖြစ်ပါတယ်။ အဲဒီ အချက် အလက်တွေကို ကျနော်တို့ ရှာဖွေမယ်။ ဖော်ထုတ်မယ်၊ ပြီးတော့ ကျနော်တို့ အဖွဲ့တွေနဲ့ ချိတ် ဆက် မယ်၊ ပြီးရင် မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေအားလုံးက ဒါကို ရွေးချယ် ကြမှာဖြစ်ပါတယ်။ မူကြမ်းရေးဆွဲပြီးမှပဲ ဒါကို အတည်ပြုပြီးတော့မှ ဒေသတွင်းမှာအသုံးပြုသွားမှာ ဖြစ်ပါတယ်။လုပ်ငန်းစဉ်မှာ ဘာပါမလဲဆိုတော့ ကျနော်တို့ကော်မတီမှာရေးဆွဲမယ့် ကြားကာနိုင်ငံ ရေး အစီအမံထဲ မှာတော့ ကျနော်တို့ ဒေသနဲ့ကိုက်ညီမယ့် ကျနော်တို့ဒေသပြည်သူတွေအတွက် တကယ်အကျိုးဖြစ် ထွန်းစေမယ့် အကြောင်းအရာတွေကိုပဲ တော်လှန်ရေးကာလ၊ ကြားကာလမှာ အသုံးပြုနိုင်ဖို့ အဓိက ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါက ကော်မတီက လုပ်ဆောင်မယ့်လုပ် ငန်းစဉ်တွေပါ၊ ကော်မတီက အခုမှ ရေးဆွဲရေးလုပ်ငန်းစဉ်တွေကို စတာဖြစ်တဲ့အတွက် လုပ်ဆောင် မယ့်ဟာတွေကိုပဲ ပြောခြင်းဖြစ်ပါတယ်။” ဟု မန္တလေးဒေသ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မိုးအောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မန္တလေးဒေသ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေး ဆွဲရေး လုပ်ငန်းကော်မတီကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ၏ ညှိနှိုင်းသဘောတူ ညီမှုနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ် – ၁၂ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် – ၃ ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာ အဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ၊ ကျောင်း သား/လူငယ်ရေးရာ အစုအဖွဲ့ ကိုယ်စားလှယ် – ၁၅ ဦး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍအစုအဖွဲ့ ကိုယ်စားလှယ် – ၄ ဦး ၊ လူနည်းစု လူမျိုးများ အစုအဖွဲ့ကိုယ်စားလှယ် – ၄ ဦး ၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အစုအဖွဲ့ – ၅ ဦးတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းလုပ်ငန်းကော်မတီက မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ် ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်း တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ မန္တလေးဒေသတွင် တော်လှန်ရေးကာလအတွင်း အဓိက လိုအပ်နေသော ကြားကာလအစီ အမံတစ် ရပ်ကို ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန် လေးစားမှု၊ တန်း တူညီ မျှမှု၊ ယုံကြည်မှုတို့ကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု ရလဒ်၏ ပထမ ခြေ လှမ်းအဖြစ် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေး ဆွဲရေး လုပ်ငန်းကော်မတီတစ်ရပ်အား အောင်မြင်စွာ အတည်ပြု ဖွဲ့စည်းနိုင်သည့်အပေါ် များစွာ ကြိုဆိုဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ သဝဏ်လွှာ ပေးပို့ထားသည်။

အဆိုပါ ကော်မတီက ရေးဆွဲမည့် ကြားကာလ အစီအမံသည် မန္တလေးဒေသအတွက် တော်လှန် ရေးကာလ၏ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သကဲ့သို့ အသွင်ကူးပြောင်းရေးကာလ၏ လမ်းစလည်း ဖြစ်လိမ့်မည်ဟု ယုံကြည်ယူဆပါကြောင်း ၎င်းသဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

နောက်ခံအကြောင်းတရား မတူညီကြသည့် တော်လှန် ရေးအင်အားစုများသည် ယုံကြည်ရာ နိုင်ငံရေး အယူဝါဒ အသီးသီးကို ကိုင်စွဲလျက် ကြားကာလ အစီအမံရေးဆွဲရာတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ် သော်လည်း နောက်ဆုံးတွင် ဒေသအကျိုး၊ ဒေသရှိ ပြည်သူလူထု အားလုံးတို့၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ဒေသအလိုက် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြု၍ တော်လှန်ရေးအင်အားစုများ အားလုံး စုစည်းညီညွတ်စွာ ပါဝင်ပြီး အသီးသီးထွက်ပေါ်လာကြမည့် နိုင်ငံရေးအစီအမံများကိုလည်းကောင်း၊ ယင်းနိုင်ငံရေးအစီအမံများကို တာဝန်ခံကာ စုဖွဲ့ပေါ်ပေါက် လာမည့် ဒေသကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းများ၊ ဒေသအစိုးရများကိုလည်းကောင်း အားပေး ကြိုဆိုလျက် ရှိပါကြောင်း ဆက်လက်ပြောဆိုထားသည်။

မန္တလေးဒေသတွင် ကြားကာလ နိုင်ငံရေးအစီအမံတစ်ရပ် ထွက်ပေါ် လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် မန္တလေးဒေသ မှ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများ၊ တာဝန်ရှိသူများနှင့် ပြည် သူ လူထုအပေါင်းကိုလည်း ဂုဏ်ပြုပါကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article