31 C
Yangon

ပခုက္ကူမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နရီခန့်တွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစောထီးရွာကို မြို့နယ် ပကဖ နှင့် PKU Thurain အဖွဲ့တို့ ပူးပေါင်း၍ အနီးကပ်ချောင်းမြောင်းနေချိန်တွင် ကင်းပတ်ရန် ထွက်လာသော ရဲတပ်သား ၁ ဦးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရရှိသော ရဲတပ်သားထံမှ G3 သေနတ် (၁) လက်၊ ၎င်းကျည် (၂၀၃) တောင့်၊ ကာဘိုင်ကျည် (၂၀၈) တောင့်၊ ကာဘိုင်ကျည်ဘောက် (၄) ဘောက်၊ AK ကျည် (၁၆) တောင့်၊ 4.8 ကျည်အမျိုးအစား (၁၄) တောင့်၊ ၅.၅၆ ကျည် (၁၉၃) တောင့်၊ လက်ပစ်ဗုံး (၂) သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article