27 C
Yangon

မုံရွာ-ချောင်ဦး လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော စစ်ကား ၄ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

မုံရွာ-ချောင်ဦး လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော စစ်ကား ၄ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်ဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ ထွက်လာသော စစ်ကား ၄ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာ နမခ ကို ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ သံပြားကား ၄ စီးအနက် ရှေ့ဆုံးကား ၂ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ သံပြားကာကား ၁ စီးလည်း တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် ထိုးရပ်သွားပြီး မုံရွာမြို့ နမခ မှ စစ်ကူ ထွတ်လာသော သံပြားကာကား ၂ စီးဖြင့် လာရောက်ဆွဲသွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG နှင့်အတူ လက်တွဲညီညီ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့် ကားပေါ်ပါလာသော စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁ ကောင် သေတယ်။ ကျန်တာ ထိခိုက်တွေလည်းရှိတယ်လို့ သိရတယ်။ ကျန်တော်တို့ တပ်ဖွဲ့ကို ထောက်ပို့ပေးကြပါအုန်းလို့ပဲ ပြောချင်ပါတယ်”ဟု BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article